"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, July 13, 2019

အဖိုးအဖွားနှင့်မြေးများ



ယခုရက်ပိုင်းတွင် မြေးကလေး ၂ ယောက် အိမ်မှာရောက်နေသဖြင့် အလုပ်တွေများနေသည်။

အိမ်ရှင်မအဖွားဖြစ်သူကတော့ ထမင်းကျွေး၊ ရေချိုး သနခါးလိမ်း အ၀တ်လဲပေးနှင့် လုံးဝမအားရပေ။

အငယ်လေးကို ၀မ်းနှင့်ရှူးရှူးကြည့်ပြီး အချိန်မှန်မှန် ဒိုင်ယာပါလဲပေးရသေးသည်။

မြေးအကြီးအတွက်ကတော့ ဒီကိစ္စတွေမလိုအပ်တော့ပေ။  


အဖိုးဖြစ်သူ မိမိသည် များသောအားဖြင့် အဖော်ပြုပေး ကစားပေးနေရသည်။

အဖွားအလုပ်များနေချိန်မှာ မြေးအငယ်လေးက အဖိုးအနားတွင် တစ်ချိန်လုံးရှိနေတတ်သည်။

ကွန်ပြူတာစားပွဲမှာထိုင်လေ့ရှိသောအဖိုးအနားတွင် သူကပါကပ်ထိုင်ပြီး ကီးဘုန်ခလုပ်တွေကို ဟိုနှိပ်ဒီနှိပ်လုပ်ချင်သည်။ တားလို့ဆီးလို့ပင် မရတတ်။

မှန်သားပေါ်ရှိ ရောင်စုံအကွက်လေးများကို သူ့လက်ကလေးဖြင့် touch screen monitor အလား လိုက်ပြီးတို့လား တို့ကစားတတ်သည်။

 touch screen monitor မဟုတ်သဖြင့် ဘာမှအပြောင်းအရွေ့ မဖြစ်သောအခါ ကီးဘုတ်နှင့်မောက်စ်ဆီသို့ လက်ကရောက်လာပြန်တော့ပြီ။

အခုခေတ်ကလေးများ အတုမြင် အတတ်သင်မြန်လွန်းပေစွ။




"ကီးကာ ၀က်ကာ၊ 
စာ ဘယ်မှာဥ၊ 
စာဥ ဘယ်မှာနေ ..." 


မြေးအငယ်လေးသည် အဖွားနှင့် ကစားမျိုးစုံကစားလေ့ရှိသည်။

လသားကလေးအရွယ်ကတည်းက လက်မောင်းရင်းကနေ လက်ဖ၀ါး လက်ချောင်းလေးတွေအထိ အဖွားက ရွရွလေးကလိထိုးလျက် ပါးစပ်မှ ကီးကာ ၀က်ကာ ဆိုတတ်သည်။ နောက်ပြီးတော့ ခါးနှစ်ဘက်ကို ကီးကာ ၀က်ကာ လုပ်ပေးပြန်သည်။

ယခုအတော်လေးသိတတ်လာသောအခါ ကစားစရာအရုပ်လေးများဖြင့် ကစားပေးသည်။ ကလေးစက်ဘီးပေါ်တင်ပြီး တွန်းပေးသည်။

စက်ဘီးပေါ်မှာ တွန်းပေးမည့်သူစောင့်လို့     


 လေယာဉ်ရုပ်လေးကို ဖြုတ်ကာ တတ်ကာ


အချို့ အရုပ်လေးများ ဖြုတ်လို့ တတ်လို့ရသဖြင့် ဖြုတ်ကြည့်ကာ ပြန်တတ်တမ်းကစားကြသည်။



တစ်နေ့ကတော့ လက်(ပ)တော့မှာ အဖွား အမေတို့နှင့်အတူ မြန်မာအငြိမ့်ကြည့်ကြရင်း မြေးကလေးက စိတ်ပါလာပြီး အငြိမ့်မင်းသမီးကိုအတုခိုးကပါလေ၏။




က က 
မြေးကလေး 
အတုခိုးလို့က။


မြေးအကြီးက ဖိုးဖိုး၏ကွန်ပြူတာတွင် Talent Show ကြည့်သောအခါ မြေးအငယ်ကလည်း အားကျမခံ အဖိုး၏တစ်ခုတည်းသောထိုင်ခုံကို ညီအစ်မနှစ်ယောက်လုပြီးထိုင်လားထိုငိတတ်ကြသည်။



















အဖိုး၏ကွန်ပြူတာစားပွဲမှာ ..




































အမ မနက်တိုင်းမူကြိုကျောင်းသွာလို့ သူကလဲ ကျောပိုးအိတ်လေးနဲ့ သွားချင်တာ။

No comments:

Post a Comment