"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, July 6, 2019

ဆေးရုံအလုပ် တစ်ကျော့ပြန် (၄)



ပြီးခဲ့သည့်အမှတ် (၃) တွင် သက်ရှူလေ့ကျင့်ကုသနည်းမျိုး (Chest Physiotherapy) အကြောင်းကို အနည်းငယ်ပြောခဲ့သည်။ အကြောအဆစ်ကုပညာရပ်နှင့်အသက်ရှူလေ့ကျင့်ကုသခြင်း (Chest Physiotherapy) တို့ မည်သို့ သက်ဆိုင်နေပါသနည်းဟု စာဖတ်သူများအနေဖြင့် ဇဝေဇ၀ါဖြစ်နိုင်ပါသည်။

တကယ်က Physiotherapy ကို အကြောအဆစ်ကုပညာဟု မြန်မာလိုပြန်ဆိုထားခြင်းမှာ သင့်တော်မှန်ကန်သည်ဟုယူဆမိပါသည်။ 

အဘယ်ကြောငု့်ဆိုသော် Physiotherapy နည်းဖြင့်ကုသပေးသောရောဂါဝေဒနာအများစုမှာ ကြွက်သား၊ ကြွက်သားကြော၊ အာရုံကြော၊ အရိုး အဆစ်၊ သွားလာလှုပ်ရှားမှုတို့နှင့်သက်ဆိုင်သောကြောင့်ဖြစ်သည်။ တနည်းပြောရသော် အများနာလည်လွယ်ပြီး မှန်လည်းမှန်ကန်နေပါသည်။

သို့ရာတွင် Physiotherapy ပညာရပ်ဖြင့်ကုသပေးနိုင်သည့် အခြားသောရောဂါဝေဒနာများလည်း ရှိနေကြပါသေးသည်။ အကြောအဆစ်နှင့်မဆိုင်ဟုထင်နိုင်ပါသည်။ 

ဥပမာအဖြစ် သက်ရှူလေ့ကျင့်ကုသနည်းမျိုး (Chest Physiotherapy) ကိုကြည့်ကြပါစို့။

ဤနေရာတွင် အကြောအဆစ်ကုပညာရှင်များသည် လှုပ်ရှားသွားလာမှုနှင့်လေ့ကျင့်သင်ကြားပေးမှုတို့တွင် အထူးကျွမ်းကျင်သူများဖြစ်ကြသည် (As experts in movement and exercise and with a thorough knowledge of risk factors and pathology and their effects on all systems) ဆိုသည့်အချက်ကို ဦးစွာပြောလိုပါသည်။


Picture from Internet


သက်ရှူလေ့ကျင့်ကုသနည်း၏အဓိကရည်ရွယ်ချက်မှာ ချွဲသလိပ်များဖြင့်စုဝေးညစ်ပတ်နေသည့်အဆုတ်ကိုသန့်စင်ပေးခြင်း (improve pulmonary hygiene) ဖြစ်ရာ အကြောအဆစ်ဝေဒနာများအား လေ့ကျင့်ပေးရသကဲ့သို့ပင် အဆုတ်၏တည်နေရာနှင့်လေပြွန်လမ်းကြောင်းတို့အပေါ်မူတည်လျက် သင်ကြားလေ့ကျင့်ပေးရခြင်းဖြစ်လေသည်။



           


               


သို့အတွက် မိမိတို့ဆေးဘက်ပညာသိပ္ပံတတိယနှစ်တွင် ခန္ဓာဗေဒပညာ (Anatomy) သင်ယူရစဉ်က အဆုတ်၏တည်နေရာနှင့်လေပြွန်လမ်းကြောင်းတို့အကြောင်းကို ဆရာဖြစ်သူက လူသေကိုခွဲစိတ်ကာ သေချာသင်ကြားပေးခဲ့ပါသည်။ တချိန်တည်းမှာပင် ဇီဝက္မဗေဒ (Physiology) သင်ကြားပေးသောဆရာကလည်း အဆုတ်၏လုပ်ငန်းဆောင်တာများအကြောင်းကို အသက်ရှူလေ့ကျင့်ပေးနိုင်ရန်အထိ အကျယ်တ၀င့်သင်ပေးခဲ့ပါသည်။

တစ်ဖန် အသက်ရှူမကောင်းသူများကို ချွဲသလိပ်စုဝေးနေသောအဆုတ်၏အစိတ်အပိုင်းကိုလိုက်ပြီး လေ့ကျင့်ကုသမှုပေးနိုင်စေရန် အထွေထွေနှင့်အဆုတ်အစိတ်အပိုင်းအလိုက် အသက်ရှူနည်းများ (general and specific breathing techniques)၊ လူနာခန္ဓာကိုယ်ကိုရွေးခြယ်ထားရှိပေးခြင်း (positioning and postural drainage)၊ လက်ခုပ်ဖြင့်ပုတ်ပေးခြင်း (percussion)။ ရင်ခေါင်းကို လက်ဖ၀ါးနှစ်ဘက်ဖြင့်ညှစ်ကိုင်ပြီး လှုပ်ခါပေးခြင်း (vibration and shaking) အစရှိသည်တို့ကို လူနာများဖြင့်အတူ လက်တွေ့သင်ကြားပေးခဲ့ပါသည်။

Chest Physiotherapy နည်းဖြင့် အသက်ရှူမကောင်းသူ၏ညစ်ထေးနေသောအဆုတ်အတွင်းမှ ချွဲသလိပ်များကို ချောင်းဟပ်ထုတ်ပေးနိုင်စေရန်ဖြစ်သည်။ 

မိမိ ယခုအလုပ်လုပ်နေသောဆေးရုံတွင် ခါးနာ ဒူးနာ လက်မောင်းဆစ်တင်း  ကြွက်သားအားနည်း အကြောသေ သွားလာလှုပ်ရှားမကောင်း အစရှိသော အကြောအဆစ်နှင့်အာရုံကြောဆိုင်ရာရောဂါဝေဒနာများ (musculoskeletal and neuromuscular cases) များကို မိမိတို့ Physiotherapist များက ကြည့်ရှုစမ်းသပ်ပြီး Therapist Assistant (TA) များကို ညွှန်ကြားကာ ဆက်လက်လုပ်ဆောင်စေနိုင်သော်လည်း အဆုတ်နှင့်သက်ဆိုင်သည့်လူနာများ (Chest Physiotherapy) ကိုမူ Physiotherapist များကိုယ်တိုင်လုပ်ရပါသည်။ TA ကို လုပ်ကိုင်ခွင့်မပေးရပေ။




ဆက်ရေးပါဦးမည်။




 





No comments:

Post a Comment