"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, July 28, 2019

သွားသောသူနှင့်ကျန်ခဲ့သူ


Death and dying are a part of life. 
The best we can do is accept death as a fact of life.



သွားနှင့်သူတို့က သွားနှင့်ကုန်ကြပြီ။

သွားသူတို့ မရှိကြလေတော့။
မသွားကြသေးသူတို့က ကျန်ရစ်ခဲ့ကြရသည်။

သို့သော်
မည်မည်မျှကြာကြာ ကျန်ရစ်ကြရမည်ကိုတော့ မသိရ။

ကျန်ရစ်သူတိုင်းသည် သွားနှင့်သူတွေလောက် အသက်ရှည်ကြပါမည်လား။
သွားနှင့်သူအချို့ က ၇၀  ကျော် ၈၀ ကျော်အထိ နေသွားခဲ့ကြသည်။
ကျန်ရစ်ခဲ့ကြသူတိုင်းကော ထိုမျှအသက်ရှည်ရှည်နေကြရပါမည်လား မသိနိုင်ပါချေ။

သေဆုံးခြင်းကို ဘ၀တစ်ခုမှအခြားသောဘ၀တစ်ခုသိုကူးပြောင်းခြင်း (transition) ဟု ယေဘုယျအားဖြင့်နားလည်ထားကြသည်။
ယင်းကို ဘ၀သံသရာ(Samsara - wheel of life) ဟုလည်း ပြောဆိုတတ်ကြသေးသည်။






မိမိတို့ဗုဒ္ဓဘာသာဝင်များအနေဖြင့် တရားဘာဝနာပွားများကြရာတွင် သေခြင်းကိုနားလည်ရန် အရေးကြီးလေသည်။ 

အဘယ်ကြောင့်ဆိုသော် သေခြင်းသည် အသက်ရှင်ခြင်းကဲ့သို့ အဓိပ္ပာယ်ရှိသောကြောင့်ဖြစ်သည်။ 

လူတစ်ဦးသေသွားသောအခါ လက်ရှိဘ၀တစ်ခုပြတ်စဲခြင်းသာဖြစ်ပြီး သေခြင်း၏အခြားတစ်ဖက် (beyond the death) ဆိုသည်ကို မေ့လျှော့ထားလို့မရ။ လုံးဝဥပေက္ခာပြုထားလို့မရ။

သေခြင်းသည် ပစ္စည်းတစ်ခုပျက်စီးသွားသောအခါ သုံးမရတော့သဖြင့်လွှင့်ပစ်ရခြင်းမျိုးနှင့်မတူပေ။ 
ပျက်စီးသွားတာခြင်း စွန့်ပစ်ရတာခြင်းတူပင်တူငြားးသော်လည်း ယင်းအဖြစ်အပျက်ကဲ့သို့ ရိုးစင်းခြင်းကားမရှိလှပါချေ။   

လူတို့သေဆုံးရခြင်းနှင့်ပတ်သက်ပြီး ရဟန်းအရှင်သူမြတ်များက ဗုဒ္ဓ၏အဆုံးအမများနှင့်အညီ ဟောပြောရှင်းပြလေ့ရှိသည်။

ဥပမာအဖြစ်ကြည့်ပါ။

          သေခြင်းတရားဆိုတာ အိပ်ရာထဲလှဲနေတုန်းလည်း
          ရောက်လာတတ်တယ်။

          ထိုင်နေစဉ် လျင်မြန်စွာလည်း
          ရောက်လာတတ်တယ်။

          ရပ်နေတုန်း ဗြုံးဆိုလည်း
          ရောက်လာတတ်ပါတယ်။ ။   
                                   အရှင်သုစိတ္ထ Dip (P.S.E) B.A, M.A (Buddhist)

အချိန်ကျလာပြီဆိုက ..
သေခြင်းသည် နေရာမရွေးတတ်။
အချိန်အခါလည်း မရွေးတတ်။
ဆင်းရဲချမ်းသာ မရွေးတတ်။
ယောကျာင်္းမိန်းမ ငယ်ငယ်ကြီးကြီး မရွေးတတ်။
မရောက်ရောက်အောင် လာတတ်သည်။

သူရောက်လာသောအခါ မိမိတို့အားလုံး အဆင်သင့်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ၊ သွားချင်သည်ဖြစ်စေ မသွားချင်သည်ဖြစ်စေ လိုက်သွားကြရစမြဲ။

ငြင်းလို့မရ။
ဈေးဆစ်လို့မရ။
ထုချေလျှောက်လွဲလို့မရ။
သေကျေပျက်စီးကြရသည်။

ဇာတိ၏အဆုံးဖြစ်သော မရဏပါပေတကား။

မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုသည့် ဘ၀ဖြစ်စဉ်တွင် အချို့ မှာ အိုပင်မအိုလိုက်ရပဲ ငယ်ငယ်ရွယ်ရွယ်မှာ အသေစောကြရရှာသည်။

ထိုအခါ အသေစောသဖြင့် နှမျှောသည်ဟုဆိုတတ်ကြ၏။

သို့ဆိုပါလျှင် အသက် ၈၀ ကျော်၊    ၉၀   ၁၀၀ နေကြရသူများ သေဆုံးကြသောအခါ မနှမျှောကြပါ၏လား။

စဉ်းစားစရာပင်ဖြစ်ပါလေ၏။


ဆက်ပြီးရေးပါဦးမည်။








No comments:

Post a Comment