"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, July 18, 2019

စီပီအာနဲ့အေအီးဒီ သင်တန်း (၂)



ဟုတ်ပါတယ်။

စောစောကသင်တန်းဆရာပြောခဲ့သလိုပဲ သင်တန်းရဲ့ လက်တွေ့အပိုင်းမှာ လက်မောင်းနဲ့ပခုံးကြွက်သားအင်အားရယ်၊ ခါးချိုးပြီး ဒူးကြာကြာထောက်ထားနိုင်ဖို့ရယ်၊ လက်ဖနောင့်အားနဲ့ ဆက်တိုက်အချိန်ကြာကြာဖိပေးကြွပေးနိုင်ဖို့ရယ်ဆိုတာတွေ တကယ်ကိုလိုအပ်ပါတယ်။

နောက်တစ်ခုထပ်ပြီးပြောရရင် လူနာရဲ့ ရင်ဘတ်ပေါ်မှာ စည်းချက်ကျကျ ဖိပေးနေတဲ့လက်ဖ၀ါးနှစ်ခုရဲ့ အဖိအကြွအချိန်အဆနဲ့ နေရာမှန်မှာ မရွေ့ မပြောင်းပဲရှိနေစေဖို့ကလဲ အရေးကြီးတာဖြစ်တယ်။

ဒါကို ဆရာကိုင်ထားပေးတဲ့ iPad ပေါ်က အစက်ကလေးရဲ့ တည်နေရာကိုကြည့်ရင် သိနိုင်ပါတယ်။ အစက်ကလေးက အနဲအပါး ဟိုဒီရွေ့ နေပေမယ့် သတ်မှတ်ထားတဲ့လေးထောင့်ကွက်လေးအတွင်းမှာရှိနေရင် လက်အနေအထားမှန်ပါတယ်။

အောက်က CPR Step-by-Step Guide က သင်တန်းကျောင်းနံရံမှာကပ်ထားတာတွေ့လို့ ဓာတ်ပုံရိုက်ယူထားတာပါ။





သင်တန်းက အရည်အချင်းအသိအမှတ်ပြုလက်မှတ် (Certificate) ပေးတာဖြစ်လို့ ရေးဖြေကော လက်တွေ့ ကော စာမေးပွဲဖြေကြရပါတယ်။

ရေးဖြေကတော့ မမြင်ရလို့မသိပေမယ့် လက်တွေ့မှာက မြင်နေရတာဖြစ်လို့ ကိုယ့်အုပ်စုထဲမှာ မမှန်မချင်း တစ်ကြိမ်မကပြန်လုပ်နေကြသူ ၂ ဦး ၃ဦးရှိတာကို တွေ့နေရပါတယ်။

လက်တွေ့စစ်ဆေးရာမှာ လူနာရဲ့ ရင်ညွှန့်ရိုးအောက်ပိုင်းကို လက်အဖိအကြွအချိန်အဆမမှန်တာကြောင့် ဆ ရာကပြန်ရှင်းပြလိုက် သင်တန်းသားက  ပြန်လုပ်လိုက်နဲ့ မမှန်မချင်းအစစ်ဆေးခံရပါတယ်။

ဒါ့အပြင် အထက်ကပုံမှာပါတဲ့အတိုင်း နံပတ် ၁ ကနေ ၉  အထိ တစ်ဆင့်ပြီးတဆင့် မလွဲမချော်ပဲလုပ်ပြရပြီး ပါးစပ်ကလဲ ကိုယ်လုပ်ရမှာတွေကို အစီအစဉ်တကျ ဆရာကို ပြောပြနေရပါသေးတယ်။

ဥပမာ နံပတ် (၁) ဆိုပါစို့။

လူတစ်ဦးလဲကျပြီးသတိလစ်သွားပြီဆိုရင် ဘာမှစမလုပ်ခင်မှာ လူနာအနားက ဘေးအန္တရာယ်ဖြစ်စေနိုင်တာ တွေ ရှိမရှိ စစ်ဆေးကြည့်ရှုရမယ်။ 

အဲဒါတွေက ဘယ်လိုဟာမျိုးတွေဆိုတာကိုပြောပြနိုင်ရမယ်။ ကိုယ်ကမပြောမိရင်လဲ ဆရာက နှုတ်မေးခွန်းသဘော မေးပါတယ်။ 

လက်တွေ့ရော နှုတ်ဖြေရောပေါ့။


   သင်တန်းအောင်မြင်ပြီးစီးကြောင်းလက်မှတ်




စီပီအာသင်တန်းအကြောင်းရေးနေတုန်း တနေ့ကမြန်မာသတင်းစာမှာ စီပီအာကိုလက်တွေ့လေ့ကျင့်နေတဲ့သတင်းလေးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။



















No comments:

Post a Comment