"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, July 10, 2019

သက်ကြီးရွယ်အိုများ ချော်လဲကျခြင်းမှ ကာကွယ်စောင့်ရှောက်ပေးရေး



ကမ္ဘာ့အကြောအစ်ေကုပညာရပ်ညီလာခံ ဂျနီဗာခရီး အမှတ် (၉ ) နှင့် (၁၁) တို့တွင် ချော်လဲကျခြင်းနှင်သက်ဆိုင်သော မြန်မာပြည်ကအတွေ့အကြုံတစ်ခုနှင့် သုတေသနစာတမ်းတို့အကြောင်း ရေးခဲ့ပြီးဖြစ်သည်။

ယခင်ကလည်း မိမိ၏ဖေ့စ်ဘွတ်တွင် (၁၀ ရက် ဇူလိုင်၂၀၁၇) ထိုနှစ်က တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့ သို့ မိမိတက်ရောက်ခဲ့သည့် WCPT Congress 2017 အတွေ့အကြုံများကိုမျှဝေခဲ့ရာ ချော်လဲကျခြင်းလည်း တစ်ခုအပါအ၀င်ဖြစ်ခဲ့ပါသည်။

အောက်တွင်ဖတ်ကြည့်ကြစေလိုပါသည်။

........................


သက်ကြီးရွယ်အိုများ လဲကျခြင်းမှ
ကာကွယ်စောင့်ရှောက်ခြင်း

.

ဆေးပညာရပ်အားဖြင့် Fall prevention ဟု ရိုးရိုးရှင်းရှင်းပြောပါသည်။
ဤအကြောင်းအရာသည် ယခုအခါ အကြောအဆစ်ကုပညာရပ် (Physiotherapy) ၏အဓိကကာကွယ်စောင့်ရှောက်မှု အစိတ်အပိုင်းဖြစ်လာသည်။ 








မှတ်မိနေသေး၏။
လွန်ခဲ့သော ၃ နှစ်ခန့်က (ဒီဇင်ဘာလ၊ ၂၀၁၄) ကန့်ဘလူမြို့ တွင် မိမိဦးဆောင်ပြီး တစ်နိုင်ငံလုံးမှ PT ၁၃ ဦးတို့၏ စေတနာလုပ်အားပေးအကူအညီဖြင့်ဆောင်ရွက်ခဲ့သော Community Physiotherapy Service တွင် Fall prevention ကို လူနာနှင့်အတူသင်ပြခဲ့ရာ (ပူးတွဲပါပုံ)၊ အချို့  junior PT များက ယင်းကာကွယ်ကုသမှုမျိုးအား ယခင်က မတွေ့ခဲ့ဖူးကြောင်းပြောပြခဲ့ကြသည်။



ကန့်ဘလူမြို့ မှာပြုလုပ်တဲ့ ပရဟိတကုသိုလ်ဖြစ်အကြောအဆစ်ကုသမှုဆေးခန်းတွင် Fall Prevention အား လူနာဖြင့်လက်တွေ့သင်ပြနေစဉ်


သို့ဖြစ်ရာ ပြီးခဲ့သောအပတ်က မိမိတက်ရောက်ခဲ့သောညီလာခံမှ လေ့လာသိရှိခဲ့သည်များကို အကျဉ်းမျှဆွေးနွေးပေးပါမည်။
ဟောပြောပို့ချသူမှာ သြစတေးလျနိုင်ငံ George Institute of Global Health မှ အကြောအဆစ်ကုပညာရှင် ပါမောက္ခ Catherine Sherrington ဖြစ်သည်။ 
သူသည် အကြီးတန်းသုတေသနပညာရှင်လည်းဖြစ်သည်။
သူ၏လေ့လာမှုအရ ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုပြုလုပ်သူ သက်ကြီးရွယ်အိုများသည် ယင်းသို့မပြုလုပ်ကြသောသက်ကြီးရွယ်အိုများထက် လဲကျခြင်းဖြစ်မှု ၂၁% လျှော့နည်းကြောင်းတွေ့ရှိရသည်ဆို၏။ 
အခြားသုတေသနပြုလေ့လာမှုအချို့ ကမူ လေ့ကျင့်ခန်းပြုလုပ်သူများသည် ၅၀% အထိပင် လဲကျမှုလျှော့နည်းကြောင်း တွေ့ခဲ့ကြပါသည်။
.
“ တကယ်တော့ အသက်ကြီးတဲ့သူတွေ လဲကျတတ်တာကတော့ အဆန်းမဟုတ်ပါဘူး။ ဖြစ်လေ့ဖြစ်ထရှိနေတာပါပဲ။ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာနတို့ ဆေးရုံတို့မှာဆိုရင် အသက် ၆၅ နှစ်ကျော်သူ ၃ ဦးမှာ ၁ ဦးကတော့ လဲကျနေကြတာ။ “ လို့ Bone Health and Fall Prevention seminar မှာ ပြောသွားခဲ့ပါသည်။
ယင်းသို့လဲကျရခြင်းသည် ဇီဝကမ္မဗေဒဆိုင်ရာ (physiological) ၊ အပြုအမူဗေဒဆိုင်ရာ (behavioural) နှင့်ပတ်ဝန်းကျင်ဆိုင်ရာ (environmental) အကြောင်းတို့တွင် အခြေခံလေသည်။
.
၂၀၁၆ ခုနှစ်တွင်ပြုလုပ်ခဲ့သည့် သုတေသနဆိုင်ရာစစ်တမ်းများ (systemic reviews) အရ ခန္ဓာကိုယ်ချိန်ဆနိုင်မှု(balance) ကိုစိန်ခေါ်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုအစီအစဉ်များ (exercise programmes) အား တစ်ပတ်လျင် ၃ နာရီကြာပြုလုပ်ပေးပါက အကောင်းဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။
.
တစ်ခါ အမေရိကန်ပြည်ထောင်စုမှ အကြောအဆစ်ကုပညာရှင် ဒေါက်တာ Jennifer Bottmley ကလည်း သက်ကြီးရွယ်အိုများ လဲကျခြင်းမှကာကွယ်ပေးရန် သူတို့၏နာတာရှည်ဝေဒနာများအား ကုသစောင့်ရှောက်ပေးရန် အထူးလိုအပ်နေကြောင်းပြောပါသည်။ 
သူသည် International Association of Physical Therapist working with Older People ၏ဥက္ကဋ္ဌဖြစ်သည်။ 
PT များအနေဖြင့် သက်ကြီးရွယ်အိုများ၏ ခန္ဓာကိုယ်လှုပ်ရှားမှုနှင့်လုပ်ကိုင်နိုင်စွမ်းတို့ (functional capabilities) ကို တတ်နိုင်သမျှအမြင့်ဆုံးတင်ပေးထားပြီး သူတို့၏အိမ်များ တွင် လဲကျမှုမဖြစ်စေရန် အသေးစိတ်ရှင်းပြသတိပေးထားကြရန် သူက တိုက်တွန်းထားပါသည်။
.
မိမိတို့အဖွဲ့အစည်း MINDS မှာလည်း သက်လတ်နှင့်သက်ကြီးဥာဏ်ရည်နိမ့်မသန်စွမ်းသူများအား Fall Risk Assessment ပြုလုပ်လျက် လိုအပ်သည့်ကြိုတင်ကာကွယ်ကုသမှုများပြုလုပ်ပေးနေသည်မှာ နှစ်အတန်ကြာရှိခဲ့ပေပြီ။
.
.











No comments:

Post a Comment