"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, March 10, 2024

ရှောင်တာနယ်စာအုပ် လက်မှတ်ထိုးရောင်းမည်(၂)

 

           




နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏စီးပွားရေးဆိုင်ရာအကြံပေးပညာရှင် 

ရှောင်တာနယ်စာအုပ်သစ်မိတ်ဆက်လက်မှတ်ထိုးရောင်းသည့် NTUC Center (၇) ထပ်ကို

ဒီမနက် မိမိတို့ဇနီးမောင်နှံရောက်သွားတော့ နံနက် ၁၀ နာရီခွဲပဲရှိသေးတာပါ။ 


ယခုထက်စောစောရောက်လာချင်ပေမယ့် အခုနာရီဝက်စောရောက်တာလဲဖြစ် တန်းစီတဲ့လူက

လဲ ၁၅ ရောက်လောက်ပဲရှိသေးတာဖြစ်လို့ ၀င်ပြီးတန်းစီလိုက်ပါတယ်။


ခဏနေတော့ တာဝန်ကျအမျိုးသမီးက တန်းထဲကလူတွေကို မေးမြန်းပြီးမှတ်သားနေတာတွေ့ရ

ပါတယ်။


မိမိအလှည့်ရောက်တဲ့အခါ မိမိက စာအုပ်ဝယ်ဖို့လာတဲ့အကြောင်းနဲ့ အခန်းအနားပွဲမတက်မည့်

အကြောင်းပြောပြသည့်အခါ သူက စာအုပ်တွေက အစောကြီးကထဲကရောင်းကုန်သွားပြီလို့ပြော

ပါတယ်။ ဒါဆိုရင် Pre-order မှာထားလို့ရသလားလို့ မိမိကမေးတဲ့အခါ Pre-order တွေလဲကုန်

သွားပြီဖြစ်လို့ ဒီနေ့လက်မခံတော့ကြောင်းသိရပါတယ်။ 


ဒါနဲ့ မိမိက နောက်တခါစာအုပ်ရကြောင်းကြေညာမှပဲ ၀ယ်တော့မယ်လို့ပြောလိုက်ပါတယ်။ 


ဒီအခါမှာ မိမိအနားက လူငယ်လေးတဦးက 'အန်ကယ် စာအုပ်လိုချင်ရင် ကျနော့်စာအုပ်ယူပါလား'

လို့ စကားပြောမဆုံးမီမှာ သူ့အနားမှာရပ်နေတဲ့လူငယ်လေးက 'ဟာ့ကောင်ရ မင်းစာအုပ်ကို ငါယူ

မယ်လို့ပြောထားတာလေ'လို့ မကျေမနပ်နဲ့ကြားဝင်ပြောပါတယ်။ 


ဒါနဲ့မိမိက စောစောကသူ့စာအုပ်ကို မိမိယူဖို့ကမ်းလှမ်းလာတဲ့လူငယ်လေးကို သူ့မိတ်ဆွေကိုပဲစာ

အုပ်ပေးလိုက်ပါလို့ပြောပြီး ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။




























ဒီကနေ့ မြို့ ထဲက NTUC Center (၇) ထပ်မှာ စာအုပ်သွားဝယ်တာမှာ စာအုပ်ဝယ်လို့မရခဲ့ပေမယ့် 
အောက်ထပ်ကိုရောက်တဲ့အခါမှာတော့ နှစ်အတန်ကြာမတွေ့မိတဲ့မိတ်ဟောင်းဆွေဟောင်းတဦး
ကိုတွေ့ခဲ့ရပါတယ်။ ၀မ်းသာစရာပါ။ သူ့အမည်က ဦးစိန်ဝင်းပါ။ အင်ဂျင်နီယာတဦးဖြစ်ပါတယ်။







သူနဲ့မိမိတို့က ၁၉၉၀-၉၁ခုနှစ်လောက်ကစပြီး မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း(Burmese

Buddhist Temple - BBT)ဖြစ်မြောက်ရေးကော်မတီနဲ့ စင်ကာပူရောက်မြန်မာများ၏လူမှုရေးဆပ်

ကော်မတီများမှာ ဗုဒ္ဓဘာသာဝင်စင်ကာပူနိုင်ငံသားများနဲ့အတူ ပါဝင်ဆောင်ရွက်ခဲ့ကြရင်း သိကျွမ်း

ရင်းနှီးခဲ့ကြတာဖြစ်တယ်။ 


အဲဒီအချိန်တုန်းက 'LAဆရာတော်ဘုရားကြီး'လို့လူသိထင်ရှားခဲ့သည့်ကမ္ဘာ့သာသနာပြုဆရာတော်   

ဦးပညာဝံသ၏ဦးဆောင်လမ်းညွှန်မှုအောက်မှာလုပ်ခဲ့ကြရတာပါ။ စင်ကာပူမှာ မြန်မာမိသားစုတွေများ 

များစားစားမရှိသေးတဲ့အချိန်ကာလဖြစ်တာကြောင့် ဘုန်းကြီးကျောင်းဖြစ်မြောက်ရေး၊ ဘာသာရေးပွဲ

များကျင်းပနိုင်ရေး၊ BBT Newsletter ထုတ်ဝေရေးကစပြီး ကျောင်တော်ကြီးအရှည်တည်တံ့ရန် ရံပုံ

ငွေရှာဖွေရေးအထိ ရှိတဲ့လူအင်အားလေးနဲ့ပဲ ရုန်းကန်လှုပ်ရှာခဲ့ကြရတာဖြစ်ပါတယ်။ 

ဘာသာရေးအတွက်ဖြစ်လို့ ပင်ပန်းခဲ့ရသလောက် ပျော်လဲပျော်ရွှင်ခဲ့ကြရတာ။












 

No comments:

Post a Comment