"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, March 23, 2024

ဒီကနေ့ ကျနော်'ကိုကိုရဲ'

 



ဟုတ်ကဲ့ပါ။
ပုံမှာမြင်ရတဲ့အတိုင်းပဲ ကိုကိုရဲ ဒီကနေ့ ပဲပေးနေတာရယ်ပါ။ 

ဒီနေ့မနက် မ၀တ်စဖူး စပို့ရှပ်အနီရဲရဲကြီးဝတ်ပြီး အပေါ်ထပ်ကဆင်းလာရင်း အဖွားကြီးကို လှေကား
ပေါ်ကနေ လှမ်းစလိုက်ပါတယ်။
"အမေကြီးရေ ဒီနေ့ အဖေကြီးကို ကောင်မလေးတွေကြည့်ရင် မနာလိုမဖြစ်ရဘူးနော်" လို့။

အဖွားကြီးကလဲ ဘာရမလဲ ခပ်ထေ့ထေ့လေးပြန်ပြောတာပေါ့။

"ဒီလောက်အထိပြင်ဆင်နေပုံထောက်ရင် မကြီးမငယ်နဲ့ ရည်းစားများရှိနေပြီလား"တဲ့လေ။












No comments:

Post a Comment