"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, March 2, 2024

ကျွန်းသာယာသတင်းစဉ် (၈၆)

 














***


ရခိုင်ပြည်နယ် မြောက်ဦးမြို့ က

အပြစ်တစုံတရာမရှိဘဲ မတရားဖမ်းဆီးချုပ်နှောင်ထားသည့်

ပြည်သူ ၇ ဦးကို တရားမဲ့စွာပစ်သတ်ရန် 

လွယ်လင့်တကူထမင်းစားရေသောက်အမိန့်ပေးခဲ့သည်ကို

အထက်အမိန့်အရဟုလီဆယ်ပြီး အကြမ်းဖက်စစ်တပ်ဖွဲ့ဝင်များဝန်ခံ 



***









***





လာမည့် မတ်လ ၁၀ ရက်နေ့တွင် NTUC Centre Auditorium ခန်းမ ပြုလုပ်ရန်စီစဉ်ထားသည့်
ရှောင်တာနယ်၏စာအုပ်သစ်မိတ်ဆက်ပွဲသို့ စင်ကာပူရောက်မြန်မာများ တခဲနက်သွားရောက်အား
ပေးကြလိမ့်မည်ဟု မျှော်လင့်ထားကြသည်။

အဆိုပါစာအုပ်တွင် အဆိုးတကာ့ထိပ်ခေါင်'အင်းစိန်ထောင်'တွင်းမှာ သူကိုယ်တိုင် ကြုံတွေ့ခံစားခဲ့
ရသည့်ကြောက်ခမန်းလိလိငရဲခန်းအတွေ့အကြုံများအကြောင်းကို ရှောင်တာနယ်က ခရေစေ့တွင်း
ကျ ကွက်ကွက်ကွင်းကွင်းရေးသားထားသည်ဆို၏။ 

သို့ဖြစ်ရာ သမိုင်းပညာရှင်ဒေါက်တာသန်းထွန်း သတိပေးမှာကြားခဲ့သလို'သမိုင်းသင်တာ မအ,
အောင်လို့'ဆိုသည့်အတိုင်း မိမိတို့ကိုယ်တိုင်နှင့်မိမိတို့၏အနာဂတ်မျိုးဆက်သစ်များအနေဖြင့် မြန်
မာစစ်ဝါဒီတို့၏ဖက်ဆစ်သန္ဓေနှင့်စရိုက်ဆိုးတို့ကို အမြဲထာဝရသတိရှိအမှတ်ထားကြစေရန် ယ
ခုစာအုပ်ကိုဖတ်ရှုသင့်သည်ဟု 'ကျွန်းသာယာ'က အလေးအနက်တိုက်တွန်းလိုက်ရပေသည်။


















      





No comments:

Post a Comment