"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, March 24, 2024

စာကြည့်တိုက်အကြွေး






ဒီကနေ့မနက်က မိမိတို့အဖိုးကြီးအဖွားကြီးနှစ်ဦး ဂျူရောင်းဒေသဆိုင်ရာစာကြည့်တိုက်ကိုရောက်

သွားခဲ့ကြပါတယ်။

ရောက်သွားရသည့်အကြောင်းကတော့ စာကြည့်တိုက်ကို 'ရက်လွန်ကြေးအကြွေး' သွားဆပ်တာ

ရယ်ပါ။

အကြွေးသွားဆပ်ရင်း စာအုပ် ၂ အုပ်ပါထပ်ပြီးငှားခဲ့ဖြစ်ပါသေးတယ်။

ပထမတအုပ်က Neuropedia ပါ။

စာအုပ်အမည်လေးက တိုတိုတုတ်တုတ်နဲ့ချစ်စရာလေးဖြစ်လို့ ကောက်ပြီးကိုင်ကြည့်မိရာကနေဖတ်

ချင်တာနဲ့ ငှားခဲ့ဖြစ်သွားတယ်။

Neuro နဲ့ပတ်သက်လာရင် Neurology တို့ Neurological တို့ဆိုသည့်စကားလုံးများသာ မိမိအတွေ့

များခဲ့ပြီး အခုတခါမှာတော့ Neuropedia တဲ့။

စာအုပ်အမည်လေးက ခပ်ဆန်းဆန်းရယ်။


Pedia(paedia) ဆိုတာ သင်ယူခြင်း၊ လေ့လာဆည်းပူးခြင်း၊ ပညာ စသဖြင့်အနက်အဓိပ္ပာယ်ကောက်

ယူနိုင်မယ်ထင်ပါတယ်။ 

ဒီစကားလုံးနဲ့ဆုံးထားသည့်ဝေါဟာရ(စကားလုံး)ကို မိမိတသက်မှာ ပထမဦးဆုံးတွေ့ဖူးမြင်ဖူးခဲ့တာက

မြန်မာ့စွယ်စုံကျမ်း(Encyclopaedia) စာအုပ်မှာလို့ပြောရမှာပါ။ 

Encyclopaedia တလုံးထဲဆိုရင် 'ပညာစွယ်စုံကျမ်း'လို့ မြန်မာအဘိဓာန်စာအုပ်များတွင် အနက်ဖွင့်ရေး

ထားကြပါတယ်။


















နောက်တအုပ်က The Feeling Good Handbook ပါ။

ဒီစာအုပ်ကို အဓိကစိတ်ဝင်စားမိတာက စာအုပ်ဝေဖန်သူတဦးပြောပြထားသည့် စာအုပ်နဲ့ပတ်သက်

တဲ့သူရဲ့ ကိုယ်တွေ့ခံစားမှုပါ။

လိုရင်းကိုချုပ်ပြီးပြောရရင် "ဒီစာအုပ်က ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးနိုင်တဲ့

နည်းလမ်းတွေကို တဆင့်ပြီးတဆင့်ကိုယ်တိုင်ကိုယ်ကျပြောပြ(သင်ပြ)ပေးနေသလိုပါပဲ"ဆိုထားလို့

ဖြစ်တယ်။ 

"ငါ ဘာဖြစ်လို့ အခု့လိုတွေးမိနေတာလဲ။ ဒီလိုမျိုးကြီးဖြစ်နေရတာပါလဲ။ 

ဒါတွေကို ဘယ်လိုနည်းနဲ့ကျော်လွှားပြီး ငါ့ကိုယ်ကိုကောင်းအောင်နေနိုင်လဲဆိုတွေကို နားလည်သ

ဘောပေါက်ခဲ့ရပါတယ်" တဲ့။ 






































No comments:

Post a Comment