"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, March 29, 2024

စပ်မိစပ်ရာများ(၁၅)-- ဆရာကြီးကျားဘညိမ်းနှင့်ကျနော်- ၁

 




ဒီကနေ့မနက် Good Friday အလုပ်ပိတ်ရက်မှာ ရှားရှားပါးပါးစောစောအိပ်ရာထပြီး ကျွန်းသာယာ

ဘလော့က ဦးနှောက်ကျမ်းစာအုပ်မိတ်ဆက်စာမှာ ဆက်ပြီးဘာသာပြန်ရေးခဲ့ပါတယ်။ 


ပြီးတော့ ဖေ့စ်ဘွတ်ကြည့်တဲ့အခါ ဆရာကြီးကျားဘညိမ်း၏မြန်မာ့ရိုးရာလက်ဝှေ့ဆန်းသစ်စေရန်ကြိုး

ပမ်းခဲ့တဲ့အကြောင်းကို UMC Fighting Club ရဲ့ ပို့စ်မှာဖတ်ရပါတယ်။

ဒီအကြောင်းက ဟိုအချိန်ကထဲက မိမိသိရှိပြီးဖြစ်ပေမယ့် ဆရာကြီး၏ဓာတ်ပုံလေးတွေမြင်ရတော့ များ

စွာအမှတ်တရဖြစ်မိပါတယ်။









ဆရာကြီးကျားဘညိမ်း၏အမည်ကို လူကိုယ်တိုင်မတွေ့ဖူးခင်ကပင် ကြားသိလေးစားပြီးဖြစ်ပါတယ်။

အဲဒီအချိန်ဝန်းကျင်လောက်က မိမိသည် ရွှေဘိုမြို့ တန်းလတ်ကျောင်းမှာ သတ္တမတန်းနှင့်အမှတ်(၁)

အထက်တန်းကျောင်းမှာ အဋ္ဌမတန်းပညာသင်ကြားနေခဲ့ပါတယ်။ 


အားကစားအနေဖြင့် ရွှေဘိုခရိုင်လက်ဝှေ့နည်းပြဆရာ ဘာမထီခင်အောင်၏လက်ဝှေ့သင်တန်းကို

တက်ရင်း စစ်ကိုင်းတိုင်းလူသစ်တန်းလက်ဝှေ့ပြိုင်ပွဲတချို့ မှာပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ 

မှတ်မှတ်ရရ လူသစ်တန်းလက်ဝှေ့ပြိုင်ပွဲ ၂ ပွဲကတော့ မုံရွာမြို့ နဲ့စစ်ကိုင်းမြို့ တွေမှာဖြစ်ကြပါတယ်။


အင်္ဂလိပ်လက်ဝှေ့ဆရာကြီးကျားဘညိမ်းကို ပထမဆုံးတွေ့မြင်ဖူးတာက စစ်ကိုင်းမှာပါ။

မိမိတို့ရွှေဘိုခရိုင်လက်ဝှေ့အသင်းကို စစ်ကိုင်းမြို့ ရှိ 'ဖိုးကချင်'လို့ခေါ်တဲ့ ကချင်တပ်ရင်း(၄) ထဲမှာ နေ

ရာပေးတည်းခိုခဲ့ရပါတယ်။ 

လက်ဝှေ့ပြိုင်ပွဲမတိုင်မီတရက်အလို ညဦးပိုင်းမှာ မိမိတို့တည်းခိုတဲ့တပ်ထဲကို ဆရာကြီးကျားဘညိမ်း 

ပေါက်ချလာပါတယ်။ ဆရာကြီးက အမျိုးသားကိုယ်လက်ကြံ့ ခိုင်ရေးကောင်စီ၏လက်ဝှေ့နည်းစနစ် 

မှူးတာဝန်ဖြင့် ပြိုင်ပွဲဝင်ကြမည့်လက်ဝှေ့အသင်းတွေကို လိုက်ပြီးနှုတ်ဆက်တာဖြစ်မယ်လို့ထင်မိပါ 

တယ်။ 

ဆရာကြီးကို မိမိတို့၏လက်ဝှေ့နည်းပြဆရာ ဘာမထီဦးခင်အောင်က လက်ဝှေ့သမားတယောက်စီနဲ့

မိတ်ဆက်ပေးပါတယ်။ မိမိအလှည့်ရောက်တဲ့အခါမှာ အသက်အငယ်ဆုံးဖြစ်သည့်ချာတိတ်လေးမိမိ

၏ခေါင်းကိုချစ်စနိုးပွတ်သပ်ပြီး 'မင်းက ရွှေဘိုသားဆိုတော့ သတ္ထိကောင်းမှာပေါ့' လို့ပြုံးပြီးပြောတာကို

ယနေ့အထိမြင်ယောင်နေမိပါတယ်။

 
















၁၉၅၂ ခုနှစ်က ဖင်လန်နိုင်ငံ ဟယ်ဆင်းကီမြို့ တွင်ကျင်းပခဲ့သည့်ကမ္ဘာ့အိုလံပစ်ပွဲတော်မှာ မြန်မာနိုင်

ငံကိုကိုယ်စားပြုပြီး ရှားရှားပါးပါးလက်ဝှေ့ယှဉ်ပြိုင်ခဲ့သည့်ဆရာကြီးကျားဘညိမ်း၏မြန်မာ့လက်ဝှေ့ကို

ဆန်းသစ်မြှင့်တင်ပေးခဲ့မှုနဲ့ပတ်သက်ပြီး အသက် ၅၆ နှစ်အရွယ်မှာဆရာကြီးကွယ်လွန်သွားခဲ့ခြင်း

သည် မြန်မာ့လက်ဝှေ့ပညာနှင့်လောကအတွက် ကြီးမားလှတဲ့ဆုံးရှုံးမှုကြီးဖြစ်ခဲ့ရပါတယ်။ 


အဲဒီ မိမိ၏ခံစားချက်ကို ဆက်ပြောချင်ပါသေးတယ်။










No comments:

Post a Comment