"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, March 17, 2024

ဒီစာအုပ်မှာ ပြောပြထားတာတွေတဲ့ (၃) ခ

 



အထက်ပါ အမုန်းခံရဲတဲ့သတ္တိ(The Courage To Be Disliked) စာအုပ်ကိုပြုစုရေးသားခဲ့သူများဖြစ်

သည့် စာရေးဆရာ'အိချီရို ကိရှိမိ'နှင့် 'ဖူမီတာကဲ ကိုဂ'တို့က "ဘ၀မှာကြုံတွေ့ရလေ့ရှိသည့်ပြသနာ

တိုင်း ပြသနာတိုင်းမှာအကြောင်းရင်းတခုရှိနေသည်"ဟုသက်သေအထောက်အထားနဲ့ပြောခဲ့ကြပါ

တယ်။

အဲဒါကတော့ 'သင့်ကိုလူတွေက ဘယ်လိုထင်မြင်နေကြပါလိမ့်မလဲ'ဆိုပြီး သိပ်ကြီးကို သတိထား

လွန်းနေတာပဲဖြစ်ပါတယ်။ 

ဒီတော့အကျိုးဆက်အနေနဲ့ သင့်မှာ ကိုယ်လုပ်ချင်တာ ကိုယ်စိတ်ဝင်စားတာတွေထက် သူများတွေ

ကြိုက်သလိုပဲနေပေးနေရတာပဲ အဖတ်တင်တော့တာပေါ့။ 

နောက်ပြီး သင်ရဲ့ ပင်ကိုယ်အရည်အသွေးတွေပျက်စီးစေခဲ့တဲ့တခြားသူများ၏အောင်မြင်မှုအပေါ်မှာ 

သင် မနာလိုဝန်တိုခြင်းဖြစ်ရတယ်။ 

တခါတရံမှာ လူတချို့ ဆီက သင်မျှော်လင့်ထားတဲ့ဂရုပြုမှုနဲ့အသိအမှတ်ပြုမှုတွေ မရတဲ့အခါမှာ သင့်

ကိုယ်ကိုသင် အသုံးမကျဘူးလို့ထင်လာတတ်သေးတာ။ 












ဒါကြောင့် ယခုစာအုပ်ကို စာရေးသူနှစ်ဦးက ဘာ့ကြောင့် 'အမုန်းခံရဲတဲ့သတ္တိ'လို့  အမည်ပေးထားရ

ပါသလဲဆိုရင် အဓိကအချက်ကတော့ သင့်အနေနဲ့ သင့်ကိုတားဆီးပိတ်ပင်ထားတဲ့အနှောင်အဖွဲ့ များ

ကနေလွတ်မြောက်ချင်သပဆိုရင် သင်သည်လူတွေမုန်းတာခံရဲတဲ့သတ္တိကိုမွေးမြူဖို့လိုအပ်သလို အဲဒီ

အာဂသတ္တိမျိုးလဲ ရှိကိုရှိမှာဖြစ်လို့ပါ။ 

ဒီစာအုပ်က သင်ရဲ့ တွေးခေါ်မှုကို အလေးအနက်လွတ်မြောက်စေပြီး သင်ကိုယ်တိုင်က သင့်ကိုယ်ကို

သင် ကန့်သတ်ချုပ်နှောင်ထားသကဲ့သို့ရှိနေတာတွေကိုဖယ်ရှားပြီး အပြောင်းအလဲလုပ်ရဲတဲ့သတ္တိမွေး

မြူနိုင်စေရန် အားပေးတိုက်တွန်းမှာဖြစ်ပါတယ်။












No comments:

Post a Comment