"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, March 4, 2024

ဘ၀နှင့် ဖယ်ကြဉ်ခြင်းလေးဆင့်

 



ဒီနေ့ညဦးပိုင်းမှာ မိမိတို့၏ Senior Physiotherapist ဆရာဦးစောကယ်လ်ဗင်ထံက Four Stages of

Elimination in Life ဆိုသည့်ဘ၀ဒသနအတွေးအမြင်စာလေးရလို့ ဖတ်ပြီးနှစ်သက်တာနဲ့ အောက်

မှာ ပူပူနွေးနွေးဘာသာပြန်ရေးသားနေတာပါ။

ခေါင်းစဉ်က'ဘ၀နှင့် ဖယ်ကြဉ်ခြင်းလေးဆင့်'ဖြစ်ပါတယ်။ 

ကိုယ်တို့အဖိုးအဖွားတွေအချင်းချင်းမို့လို့ မူလအင်္ဂလိပ်စာလုံး Elimination ကို နားဝင်ချိုအောင် 'ဖယ်

ကြဉ်ခြင်း'လို့ မြန်မာလို သက်သက်ညှာညှာလေးသုံးထားတာပါ။ မူရင်းစာရဲ့ ဆိုလိုချက်က ဒါထက်ပြင်း

ပါတယ်။ ဖယ်ကြဉ်ခံရတာထက် ဖယ်ထုတ်ခံရတာက ပိုပြီးအဓိပ္ပာယ်နီးစပ်မှုရှိတာပါ။ 

ကိုယ်က အိုနေ ရွဲနေပြီပဲလေ။ နားလည်လက်ခံနိုင်ပါတယ်။

မြန်မာစစ်တပ်ရဲ့ လက်သုံးစကားကို ငှားပြီးသုံးရရင် ကြိုက်ကြိုက် မကြိုက်ကြိုက် 'ဖြတ် ၄ ဖြတ်'ပါ။










ဘ၀နှင့် ဖယ်ကြဉ်ခြင်းလေးဆင့်

၆၀ နှစ်

သင်ရဲ့ လုပ်ငန်းနယ်ပယ်မှာ သင်သည် မည်မျှပင်အောင်မြင်ခဲ့ပြီး သြဇာအာဏာရှိခဲ့ပါစေ အသက် ၆၀ 

တွင် အလုပ်ကဖယ်ကြဉ်တာကိုခံရပါမယ်။ 

ဝန်ထမ်းဘ၀ကနေ အရပ်ထဲကသာမန်လူတယောက်ဖြစ်သွားတော့တာ။

ဒါကြောင့် တချိန်ကရွှေထီးဆောင်းခဲ့ရတာကို အသေဖက်တွယ်ထားပြီး ဘ၀င်မြင့်မနေသင့်တော့ဘူး။ 

အဲဒီအတ္တကြီးကို စွန့်ပစ်လိုက်ပါ။  

ဒီလိုမှာမဟုတ်ရင် သင်စိတ်ဆင်းရဲရပြီသာမှတ်ပါ။


၇၀ နှစ်

အဲ-ဒါနဲ့ အသက် ၇၀ လဲရှိလာရော လူ့အဖွဲ့အစည်းက သင့်ကိုတဖြည်းဖြည်းနဲ့ရှောင်ဖယ်ဖယ်လေးဖြစ် 

လာကြပြီ။ သင်နဲ့မကြာမကြာပုံမှန်တွေ့ဆုံပြီး စကားစမြည်ပြောနေကျအပေါင်းအသင်းမိတ်ဆွေများ

နဲလာ ကျဲလာကြပြန်တယ်။ 


နောက်ပြီး သင်၏ယခင်ကအလုပ်ခွင်ကိုပြန်ပြီးအလည်အပတ်သွားခဲ့ရင်တောင် သင့်ကိုဟုတ်တိပတ်တိ

မှတ်မိသူက မရှိတော့သလောက်ပဲလေ။


'ကျနော် အရင်က ဒီမှာအလုပ်လုပ်ခဲ့တာ'တို့၊ 'တချိန်က..ဌာနမှာ ဘာအလုပ်လုပ်ခဲ့တာပါ'တို့ ပြောပြဖို

ကြိုးစားမနေပါနဲ့တော့။ ဘာလို့လဲဆိုရင် နောက်အလုပ်ဝင်တဲ့မျိုးဆက်သစ်ဝန်ထမ်းတွေက သင့်ကိုသိ

ကြမှာမှမဟုတ်တာ။ ဒီအတွက် သင် စိတ်မသက်မသာဖြစ်စရာလဲမလိုပါဘူး။



























၈၀ နှစ်


ဒီလိုနဲ့ပဲ အသက် ၈၀ ရောက်လာတဲ့အခါမှာ သင့်မိသားစုကပါ တစတစနဲ့အဆက်အဆံနည်းလာတော့

တာ။

တကယ်လို့ သင့်မှာ သားသမီး မြေးမြစ်တွေအများကြီးရှိနေပါစေ သင်သည် များသောအားဖြင့် သင်နဲ့

သင်ရဲ့ အိမ်ထောင်ဘက် ၂ ဦးထဲသာ ဒါမှမဟုတ် သင်တဦးထဲပဲ ရှိနေမှာပါ။ 


နောက်ပြီး သင့်သားသမီးတွေက သင်(တို့)ဆီကို တခါတရံမှပဲ အလည်ရောက်တယ်ဆိုရင်တော့ သူတို့

မိဖကိုချစ်လို့လာလည်ကြတာမှတ်ပါ။ သူတို့ တခါတလေမှအလည်လာကြတာကို အပြစ်မတင်သင့်ဘူး။

ဘာကြောင့်လဲဆိုတော့ သူတို့မှာက သူတို့လုပ်စရာကိစ္စ၀ိစ္စတွေနဲ့ရှုပ်နေကြမှာမို့ပေါ့။ 













၉၀ နှစ်


အသက် ၉၀ ရှိလာတဲ့အခါမှာတော့ သင့်ကို ဒီလောကကြီးထဲကအပြီးအပိုင်မောင်းထုတ်ချင်လာပြီ။ 

ကြည့်လေ၊ သင်သိတဲ့သူတချို့ တောင် လူ့ရွာလူ့ကမ္ဘာကနေ အပြီးအပိုင်ကို ထွက်သွားကုန်ကြပြီပဲ။


ဒီတော့ ဒီအချိန်ရောက်နေမှတော့ စိတ်မကောင်းဝမ်းနည်းဖြစ်နေဖို့လဲမလိုပါဘူး။ ဘာ့ကြောင့်လဲဆို

တော့ ဘ၀ဆိုတာမျိုးက ဒီအတိုင်းပဲလေ။ လူတိုင်းလူတိုင်းက နောက်ဆုံးတနေ့မှာ ဒီလမ်းကြောင်းကို

ပဲလျှောက်လှမ်းကြရမှာပဲပေါ့။ 


ဒါကြောင့် သင့်ခန္ဓာကိုယ်က သွားနိုင်လာနိုင်ပြီး လုပ်နိုင်ကိုင်နိုင်လေးရှိတုန်း သင့်ဘ၀ကိုပြည့်ပြည့်၀၀

ကြီးခံစားလိုက်စမ်းပါ။ 

စားချင်တာဆို စားပစ်လိုက်၊ သောက်ချင်တာကိုသောက်ပစ်လိုက်၊ လုပ်ချင်တာတွေလုပ်ပြီး ပျော်ပါး

လိုက်စမ်းပါ။


ဒါနဲ့ နေပါဦး။ သင့်ကို ဖယ်ကြဉ်မပစ်နိုင်တာဆိုလို့ Whatsapp group ပဲရှိနေတာကို မမေ့စေချင်ဘူး။ 


ချင်းချင်းမကြာခဏဆိုသလို နှုတ်ဆက်ကြမေးကြမြန်းကြရင်း ရှင်သန်ကြမယ် ပျော်ပါးကြမယ် အ

ကောင်းမြင်စိတ်မွေးပြီးတော့ နောင်တလုံးဝမရစတမ်းပေါ့။ 


ဆန့်ကျင်ဖက်ကွန်မန့်ရေးနေကြသူတွေကို သင့်အနေနဲ့ မကျေမနပ်ဖြစ်နေစေဦး WhatsApp 

group ကနေ မထွက်လိုက်ပါနဲ့။


အဲဒီလိုလုပ်ရင် သင့်ကိုယ်ကို သင်ဖယ်ထုတ်ပစ်လိုက်သလိုဖြစ်သွားမှာရယ်။ 


ဒီတော့ သင်လဲ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပြီး သူများတွေလဲ သူတို့ကြိုက်တာ သူတို့လုပ်ပါစေ။


























FOUR STAGES OF ELIMINATION IN LIFE 

 

At the age of 60, the workplace eliminates you. No matter how successful or powerful you were during 

your career, you'll return to being an ordinary person. So, don't cling to the mindset and sense of super

iority from your past job, let go of your ego, or you might lose your sense of ease!

 

At the age of 70, society gradually eliminates you. The friends and colleagues you used to meet and socialise 

with become fewer, and hardly anyone recognises you at your former workplace. 

Don't say, "I used to be..." or "I was once..." because the younger generation won't know you, and you 

mustn't feel uncomfortable about it!

 

At the age of 80, family slowly eliminate you. Even if you have many children and grandchildren, most of 

the time you'll be living with your spouse or by yourself. When your children visit occasionally, it's an ex-

pression of affection, so don't blame them for coming less often, as they're busy with their own lives!

 

At the age of 90, the Earth wants to eliminate you. Some of the people you knew have already departed 

forever. At this point, don't be sad or mournful, because this is the way of life, and everyone will event-

ually follow this path!

 

Therefore, while our bodies are still capable, live life to the fullest! Eat what you want, drink what you 

desire, play and do the things you love.

 

Remember, the only thing that won't eliminate you is the Whatsapp group. So, communicate more in 

the group, say a hello, maintain your presence, be happy, be positive and have no regrets..!

 

So don’t exit chat groups if you are unhappy with people who made contrarian comments, you are just 

eliminating yourself. 

 

Live and let live.













No comments:

Post a Comment