"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, March 17, 2024

စင်ကာပူမှာလာပြီး အိုဇာတာကံကောင်းနေတဲ့အီဖေကို (၁)




ဒီကနေ့ထုတ် The Straits Times သတင်းစာမှာ စောစောစီးစီးပဲ ဆောင်းပါးရှင်အကြီးတန်းသတင်း
ထောက် Chantal Sajan ၏မင်္ဂလာ'သတင်းဆောင်းပါး'ဖတ်ရတော့ 'စင်ကာပူမှာလာပြီး အိုဇာတာကံ
ကောင်းနေတဲ့အီဖေကို'ဆိုတဲ့စာလေးတပုဒ်ရေးတင်ဖို့စိတ်ကူးထားတာလေး အခုညမှာတော့ရေးဖြစ်
သွားပါတော့တယ်။ 

သြော် မိမိရဲ့ ချက်မြှုပ်ကိုယ့်ဇာတိလဲမဟုတ်၊ ကိုယ်ကြီးပြင်းပညာသင်ကြားခဲ့ရာနေရာလဲမဟုတ်တဲ့စင်
ကာပူနိုင်ငံမှာ သူလိုငါလို သာမန်စင်ကာပူနိုင်ငံသားများလိုနေပြီး ပုံမှန်အလုပ်လေးလုပ်ပြီးနေတာနဲ့ပဲ 
သူတို့ရရှိတဲ့နိုင်ငံသားအခွင့်အရေးတွေကို ဖောဖောသီသီကြီးရနေ ခံစားနေတာကြောင့် ဒီအကြောင်း
လေးပြောချင်မိတာပါ။


***



    

***












Assurance Package

Assurance Package ဆိုတာ စင်ကာပူအစိုးရ၏ ၂၀၁၂ ခုနှစ် GST Voucher ထောက်ပံ့ရေးစီမံချက်အ
ပြင် အဲဒီနှစ်ထဲမှာပဲ အစိုးရက နောက်ထပ်အပိုဆောင်းထောက်ပံ့ပေးတာဖြစ်ပါတယ်။ ရည်ရွယ်ချက်
ကတော့ ၀င်ငွေနည်းပါးသောမိသားစု(low-income)နှင့်အလယ်အလတ်ဝင်ငွေ(middle-income)ရှိ
သောမိသားစုများအနေဖြင့် ကုန်ပစ္စည်း(Goods)နဲ့ဝန်ဆောင်မှု(Services)များအတွက်ပေးရသည့်အ
ခွန်အတုတ်များ(GST expenses)ကို ကာမိစေရန်ဖြစ်သည်။   

အဆိုပါအစိုးရ၏အထွေထွေထောက်ပံ့ခြင်းများတွင် မိမိတို့သက်ကြီးရွယ်အိုများအားသီသန့်ထောက်ပံ့ 
ပေးခြင်း(Seniors' Bonus ဒေါ်လာ၂၀၀ မှ ၃၀၀)ပါရှိပါသေးတယ်။ 

ဒါ့အပြင် ယခုနှစ်ဒီဇင်ဘာလမှာပေးမည့် CPF Medisave Account (ဒေါ်လာ ၁၀၀ မှ ၁၅၀၀)နှင့် CPF 
Retirement or Special Account (ဒေါ်လာ ၁၀၀၀ မှ ၁၅၀၀)ကိုလည်း ရရှိဦးမှာဖြစ်ပါတယ်။











No comments:

Post a Comment