"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, March 9, 2024

ရှောင်တာနယ်စာအုပ် လက်မှတ်ထိုးရောင်းမည်(၁)

 



မနက်ဖန်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏စီးပွားရေးဆိုင်ရာအကြံပေး

ပညာရှင် ရှောင်တာနယ်စာအုပ်သစ်မိတ်ဆက်လက်မှတ်ထိုးရောင်းပွဲကို Raffles Place ဘူတာနဲ့

Lau Pa Sat တို့အနားမှာရှိတဲ့ NTUC Center (၇) ထပ်တွင်ပြုလုပ်မှာဖြစ်လို့ ဦးရာလူစနစ်ပါတဲ့နော်။


ဒီသတင်းကို မိမိ၏ဘလော့'ကျွန်းသာယာသတင်းစဉ်-၈၆'မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ် (အပေါ်ပုံ)။


မိမိကတော့ ဒီညမှာ နဲနဲစောအိပ်လို့ မနက်ဖန်မနက်စောထကာ တန်းသွားစီရပေဦးအံ့။


Raffles Place နေရာအနီးတ၀ိုက်ဝန်းကျင်က မိမိစင်ကာပူနိုင်ငံကိုစရောက်တဲ့ ၁၉၉၀ ခုနှစ်ဦးပိုင်းက

စပြီး EP တင်ဖို့၊ မိသားစုမှီခိုနေထိုင်ခွင့်ရဖို့၊ PR လျှောက်ဖို့အစရှိသည့် 'လ၀က'ကိစ္စများစွာအတွက် 

ချောင်းပေါက်ပြီးခြေတိုမတတ်သွားလာခဲ့ရတာဖြစ်လို့ မိမိဘ၀တဆစ်ချိုးအပြောင်းအလဲရဲ့ အမှတ်တ

ရနေရာလေး(memory lane) ကို ကြည်ကြည်နူးနူးပြန်လျှောက်ကြည့်ကာ အလွမ်းသယ်ရပါမည်။
































No comments:

Post a Comment