"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, March 19, 2024

နိုင်ငံတကာ - ဟိုအကြောင်း ဒီအကြောင်း (၆)












ပူနွေးရာမှ တဖြည်းဖြည်းတောက်လောင်လာတော့မည့် ဒီကမ္ဘာ   

၁၈၅၀ ခုနှစ်ကစပြီး အမျိုးသားသမုဒ္ဒရာနှင့်လေထုခန့်ခွဲစီမံရေးအဖွဲ့ (NOAA - National Oseanic 

and Atmospheric Administration)က ကောက်ယူလေ့လာခဲ့သည့်ရာသီဥတုဆိုင်ရာမှတ်တမ်းများ

အရ ၂၀၂၃ ခုနှစ်သည် ကမ္ဘာကြီး၏အပူဆုံးနှစ်(world's hottest year)အဖြစ်စံချိန်တင်ခဲ့ပါတယ်။ 

အဲဒီနှစ်က ကမ္ဘာ့မြေပြင်နဲ့ပင်လယ်ရေပြင်အပူချိန်များသည် ၂၀ ရာစုနျစ်များကထက် ၂.၁၂ ဒီဂရီဖာ

ရင်ဟိုက်(၁.၁၈ စင်တီဂရိတ်)ပိုမြင့်လာခဲ့တယ်ဆိုပါတယ်။ အထူးသဖြင့် ဂျွန်၊ ဂျူလိုင်နဲ့သြဂုတ်လများ

မှာပါ။ 









စစ္စလီကျွန်းပေါ်က ဆိပ်ကမ်းမြို့ ဖြစ်တဲ့ မက်စီနားမှာ ရာသီဥတုပူလွန်းတာကြောင့် မိန်းမပျိုတဦးက သူ
ရဲ့ မျက်နှာနဲ့ဦးခေါင်း
ကို ရေပုလင်ထဲကရေတွေလောင်းချပြီး အအေးခံနေရရှာတာ။

















အပူချိန်လွန်ကဲခြင်းသည် လူတို့၏အထွေထွေကျန်းမာရေးနှင့်ထုတ်လုပ်မှုစွမ်းအားများကို ထိခိုက် 

စေနိုင်သည့်အပြင် ဇနီးမောင်နှံတို့၏ကလေးရရှိနိုင်မှု(fertility)၊ Birth outcomesဟုပြောဆိုသည့်  

ကိုယ်ဝန်ဆောင်ကာလနှင့်ကလေး၏မွေးဖွားစကိုယ်အလေးချိန်(birthweight)တို့ကိုပါ ထိခိုက်စေ

ကြောင်းကို စင်ကူပူအမျိုးသားတက္ကသိုလ်(National University of Singapore)၏စီမံချက်လေ့

လာမှုအရသိရသည်ဟု ယနေ့ထုတ်The Straits Timesသတင်စာတွင်ဖော်ပြထားသည်(အထက်

ပါသတင်း)။

NUS သုတေသီများက အပူလွန်ကဲသောအခြေအနေဖြင့်ထိတွေ့မှုရှိကြသည့် အမျိုးသား ၈၁၈ ဦးတို့

၏သုတ်ရည်(sperm samples)များကိုလေ့လာရာ ၄၆%သောသူများမှာ သုတ်ပိုးအရေအတွက် ပုံမှန်

ထက်လျှော့နည်းခြင်း(low sperm count)ရှိရန်အခွင့်အလမ်းများပြီး သူတို့အထဲမှ ၄၀% ကမူ သုတ်ပိုး

သိပ်သည်းမှု(sperm concentration)ကျဆင်းရန်အခွင့်အလမ်းများကြောင်းတွေ့ရှိရသည်ဆို၏။ 

ထို့ပြင် မျိုးပွားဆဲလ်များ(reproductive cells) များ၏လှုပ်ရှားမှုအားပျော့ကာ နှေးကွေးသည်ကိုလည်း

တွေ့ရှိရသေး၏။  














***




***



















No comments:

Post a Comment