"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, March 5, 2024

စပ်မိစပ်ရာများ(၁၄) -- ကိုယ်ကချစ်ရတဲ့သူ ၂

 



တိုက်တိုက်ဆိုင်ဆိုင်ပါ။

ဒီကနေ့ဖေ့စ်ဘွတ်မှာ တင်ထားတာလေးတခုက မိမိအဖို့နှစ်သက်ကြည်နူးစရာလေးဖြစ်ခဲ့မိပါတယ်။
သူတို့ကိုတောင် ဘူဒါးအချင်းချင်း မိမိက မနာလိုဖြစ်မိသေးတာ။

ဆိုတဲ့သီချင်းကလဲ ကန့်ဘလူရဲ့ ညတချို့ မှာ မိမိအော်ဆိုခဲ့ဖူးတဲ့ တွံတေးသိန်းတန်ရဲ '့နှမလက်လျှော့
နေလေတော့'။
ဟုတ်တယ်လေ မိမိကတော့ တယောက်ထဲပဲ တိတ်တိတ်လေးခံစားနိုင်တာ။

မိမိလို သက်တူရွယ်တူ သူတို့တွေကျတော့ အပေါင်းနဲ့အသင်းနဲ့ တကယ့်ကိုပျော်စရာကြီးပဲပေါ့။
ဘာပဲဖြစ်ဖြစ် သူတို့အတွက် ကြည်ကြည်နူးနူးဝမ်းသာမိတာ အမှန်ရယ်ပါ (အောက်ပုံ)။


အသက်ကြီးလာကြပေမယ့် 
ကိုယ့်လိုပဲ ငယ်မူငယ်သွေးအတိုင်း
 နူးနူးညံ့ညံ့လေးခံစားတတ်သူတွေရှိသေးတယ်။

မဟုတ်ရင် မိမိကပဲ မကြီးမငယ်ကြီးနဲ့ လော်မာနေသလိုလို ..

ဒါပဲလေ ငယ်ငယ်ကြီးကြီး ခံစားတတ်တဲ့နှလုံးသားရှိနေသရွေ့  ခံစားနေမိဦးမှာပါပဲပေါ့။



























No comments:

Post a Comment