"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, March 21, 2024

မအို ဘယ်သူရှိပါ့မယ်

 



ယခုအခါမှာ အသက် ၆၉ နှစ်ရှိပြီဖြစ်သည့် တိုက်ခိုက်ရေးအက်ရှင်မင်းသားကြီး ဂျက်ကီချန်း၏အိုမင်း

ကျဆင်းလာသည့်ရုပ်ဆင်းအင်္ဂါအပေါ် သူ့ပရိသတ်အချို့ က လိုင်းပေါ်တွင် အောက်ပါအတိုင်းကျယ်

ကျယ်လောင်လောင် ဝေဖန်ပြောဆိုမှုများရှိလာခဲ့သည်။


"အဲ ဆံပင်တွေ ပါးလာလိုက်တာများ" 

"နဖူးပေါ်မှာလဲ အရေးအကြောင်းတွေပေါ်နေလို့ပဲ"

"မျက်နှာကိုလဲကြည့်လိုက်ပါဦး၊ အရေပြားတွဲကျလာပြီး ပါးနဲ့ပါးစပ်တွေ ရှုံ့ တွတောင်နေကြပြီ"


 သူ့လို အစဉ်အမြဲကြံ့ခိုင်သန်စွမ်းပြီး အန္တရာယ်များလှသည့်စွန့်စားခန်းများကို ကိုယ်တိုင်ခက်ခက်ခဲခဲ 

သက်စွန့်ကြိုးပမ်းသရုပ်ဆောင်ခဲ့သဖြင့် လူကြိုက်များအောင်မြင်ခဲ့သူတဦးသည် အချိန်နှင့်အသက်အ

ရွယ်တို့၏တရွေ့ ရွေ့ တိုက်စားမှုကြောင့် "ယခုတော့လည်း တကယ်ကြီးကို အိုစာသွားလိုက်တာများ" 

ဟုပြောဆိုလာကြသည်။ 

သြော် ခက်ချေပြီကော။

ဂျက်ကီချန်းက သူလို ငါလို အသွေးနဲ့အသားနဲ့တည်ဆောက်ထားသည့် သက်ရှိလူသားတဦးဖြစ်သည်

ကိုများ မေ့နေတတ်ကြလေပြီလား မသိနိုင်ပေ။























No comments:

Post a Comment