"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, March 14, 2024

ဒီစာအုပ်မှာ ပြောပြထားတာတွေတဲ့ (၃) က

 


အခုတလောမှာ 'စာအုပ်မိတ်ဆက်'(Book review) ဒါမှမဟုတ် 'စာအုပ်ဝေဖန်ချက်'လေးတွေကို မ

ကြာမကြာဆိုသလို ဖတ်ဖြစ်နေပါတယ်။

အများစုက 'ခွန်အားရှိသည့်စာပေ' ဒါမှမဟုတ် ဟိုတုန်းကအခေါ် 'ကြီးပွားတိုးတက်ရေး'စာအုပ်အ

မျိုးအစားတွေဖြစ်ကြပါတယ်။

မိမိငယ်ငယ်က ဒီစာအုပ်မျိုးတွေ အတော်များများဖတ်ခဲ့ပြီး နှစ်သက်ခဲ့ဖူးတာပါ။ အားကျအတုယူခဲ့

ရတာပါ။ 

တနည်းအားဖြင့် မိမိ၏ဘ၀ဖြတ်သန်းမှုလမ်းကြောင်း၏မီးရှူးတန်ဆောင်ဖြစ်ခဲ့တယ်ဆိုရင် မမှားပါ

ဘူး။

မိမိ၏လူငယ် လူကြီးဘ၀အဆင့်ဆင့်တွေကို ပဲ့ပြင်ထိန်းကြောင်းပေးခဲ့တာဖြစ်လို့ များစွာကျေးဇူးကြီး 

မားလှပါတယ်။

ဒါကြောင့်လဲပဲ အခုအခါမှာ ဒီလိုစာအုပ်မျိုးတွေကို တအုပ်လုံးမဟုတ်ပေမယ့် သူတို့အကြောင်းဝေဖန်

ချက်လေးတွေ တနည်း အနှစ်သာရလေးတွေကို မိမိအတွက်ရော အများကိုဝေမျှနိုင်စေရန်အတွက်

ပါ ဖတ်ဖြစ်နေတာပါ။














ဒီစာအုပ်ထဲကပြောပြထားတာလေးတွေကိုမမျှဝေခင်မှာ ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့မိမိ၏

အခြေခံပင်ကိုခံယူချက်နဲ့သဘောထားလေးကို တိုက်ဆိုင်မှုရှိလို့ အနည်းအပါးပြောပြချင်မိပါတယ်။

အခုစာအုပ် The Courage To Be Disliked သည် မိမိ၏ပင်ကိုစရိုက်နဲ့ အတော်လေးနီးစပ်မှုရှိနေ

တာဖြစ်လို့ပါ။

ဘာကြောင့်လဲဆိုတော့ မိမိ၏မိခင်ကြီးပြောသလို မိမိငယ်ငယ်က'လူမုန်း စုန်းစာ'လေး တစိတ်တပိုင်း

ဖြစ်ခဲ့ဖူးလို့ပါ။ လူတွေမုန်းရင် စုန်းအပြုစားခံရမယ်လို့ မိခင်ကြီးက သတိပေးခဲ့တာ။ 


မိမိက မည်သူတဦးတယောက်ကိုမှ ကိုယ့်ကိုတမင်သက်သက်မုန်းအောင် မလုပ်ခဲ့ဖူးသလို မိမိကိုချစ်

လာအာင် ခင်လာအောင်လဲ တကူးတကလုပ်ခဲ့တာမျိုးလဲ မရှိခဲ့ပါဘူး။ ၀ါသနာလဲ မပါခဲ့ပါဘူး။

ကိုယ်လုပ်ချင်တာပဲ ကိုယ်လုပ်တတ်တာရယ်ပါ။

ဘယ်သူတဦးတယောက်ကိုမှထိခိုက်ပါစေတော့လို့ မရည်ရွယ်တတ်သလို သူတို့စိတ်နဲ့သူတို့အကြိုက်

တွေးပြီး ကိုယ့်ကိုမကြိုက်မနှစ်သက်တာ မုန်းတာမျိုးတော့ မိမိကခံစားမိဖို့နေနေသာသာ သတိတောင်

မပြုမိပါဘူး။ 

မတော်တဆသတိပြုမိရင်တောင်မှ ကိုယ့်အလုပ်နဲ့ကိုယ် လုံးဝဂရုမစိုက်အားပါဘူး။

ဂရုစိုက်နေရအောင်ကလဲ မိမိက အားအားယားယားရှိနေတတ်တာမျိးမှ မဟုတ်တာပဲလေ။







ဒီစာအုပ်မှာ ပြောပြထားတာတွေတဲ့ (၃) အပိုင်း (ခ) ကိုဆက်ဖတ်ပါရန် ...





No comments:

Post a Comment