"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, March 21, 2011

မြန်မာအကြောအဆစ်ကုပညာရှင်များ သင်တန်းဆင်း

ယခုနှစ် ဇန်န၀ါရီလ(၂၇)နေ့ နံနက်က စင်ကာပူအထွေထွေရောဂါကုဆေးရုံကြီး(Singapore General Hospital - SGH)မှာ သင်တန်းဆင်းပွဲတစ်ခုရှိပြီး ဖိတ်ကြားထားလို့ ရောက်သွားခဲ့တယ်။ Advanced Certificate in Physiotherapy နဲ့ Advanced Diploma in Physiotherapy သင်တန်းသားတွေကို အောင်လက်မှတ်ပေးတာ ဖြစ်တယ်။ Advanced Diploma in Physiotherapy က သင်တန်းသား တွေကို စာရေးသူဆီမှာ Clinical attachment ပို့ပေးလေ့ရှိတယ်။

ဘွဲ့လွန်ဆေးဘက်ပညာသိပ္ပံကျောင်း(Postgraduate Allied Health Institute - PGAHI)မှ သင်တန်းညွှန်ကြားရေးမှုး ဒေါက်တာဝေါန်နဲ့ ဓါတ်လှေကားထဲမှာ တွေ့လို့ နူတ်ဆက်ခဲ့ရသေးတယ်။ ရောက်တာ နည်းနည်းလေးစောနေလို့ ကိုယ့်လိုစောစောရောက်လာတဲ့ အငြိမ်းစားဆေးဝါးဗေဒပါမောက္ခ တစ်ဦးနဲ့ လက်ဖက်ရည်သောက်ယင်း စကားစမြည်ပြောဖြစ်ကြတယ်။ မကြာခင်မှာ သင်တန်းဆင်းပွဲ စတော့ အလယ်ခုံတမ်းမှာထိုင်ရန် အသွားမှာ အငြိမ်းစားပါမောက္ခက သူနဲ့အတူ ရှေ့တန်းမှာလာထိုင်ဖို့ ပြောတာနဲ့ ရှေ့မှာပဲ ထိုင်လိုက်ဖြစ်တယ်။ ဓါတ်ပုံတွေရိုက်ဖို့ ကင်မရာယူလာတာ ရှေ့တန်းမှာ ထိုင်နေရလို့ တစ်ပုံမှ မရိုက်ဖြစ်ခဲ့တော့ဘူး။ မနှစ်တုန်းကတော့ အများကြီးရိုက်ဖြစ်ခဲ့တာ။

သင်တန်းဆင်းကြတဲ့အထဲမှာ မြန်မာအကြောအဆစ်ကုပညာရှင်လေးတွေ (Physiotherapist) အတော်များများ အောင်လက်မှတ် တက်ယူကြတာ ၀မ်းမြောက်ဖွယ် တွေ့ခဲ့ရတယ်။ ယခင်က မြန်မာတစ်ယောက်မှ မပါခဲ့ဘူး။

မြန်မာပြည်က စိတ်ဝင်စားတဲ့သူတွေ သိရှိနိုင်အောင် အောက်မှာ အမည်တွေဖော်ပြပေးလိုက်တယ်။

Advanced Diploma in Physiotherapy သင်တန်း
၁။ မလဲ့ယဉ်စိုးမြင့်

့်

Advanced Certificate in Physiotherapy သင်တန်း
၁။ မအေးမြမြအောင်
၂။ မခင်စန္ဒာအောင်
၃။ မမေယုမွန်
၎။ မဖြိုးအိခင်
၅။ မအေးမြတ်စု
၆။ မောင်ဇော်လင်းထွန်း

ဒီသင်တန်းတွေတက်ဖို့ စိတ်ဝင်စားပါက ယခုဘလော့မှာ ဖော်ပြထားသည့်အတိုင်း ဆက်သွယ် လျောက်ထား နိုင်ကြတယ်။ သင်တန်းအတွေ့အကြုံတွေက အကြောအဆစ်ကုဆေးပညာဆိုင်ရာ အသိပညာ အတတ်ပညာတွေကို ခိုင်ခိုင်မာမာရရှိစေမယ့်အပြင်  စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီး ဋ္ဌာနက စစ်ဆးတဲ့ အရည်အချင်းစစ်စာမေးပွဲ (Qualifying Examination - QE) အတွက်လဲ အများကြီး အထောက်အကူပြု့မှာဖြစ်လို့  မကြာခဏဆိုသလို အားပေးတိုက်တွန်းနေရတာဖြစ်တယ်။
   

No comments:

Post a Comment