"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, March 27, 2011

စာရေးဆရာကြီးဦးစိန်ဝင်းရဲ့ မှတ်သားဖွယ်စကား

ဆရာကြီးဦးစိန်ဝင်းဟာ ဒီကနေ့မြန်မာပြည်မှာ 'စာရေးအား'အကောင်းဆုံး စာရေးဆရာကြီးတစ်ဦးဖြစ်ပြီး သူ ရေးသမျှစာတွေဟာ မျိုးဆက်သစ်မြန်မာလူငယ်တွေအတွက်ကော လူလတ်ပိုင်း လူကြီးပိုင်းတွေအ တွက်ပါ ဖတ်-မှတ်ရုံတင်မဟုတ်ပဲ သေသေချာချာ စဉ်းစားသုံးသပ်ပြီး လိုက်နာသင့်ကြတာ ဖြစ်တယ်။

သတင်းစာဆရာကြီးလည်းဖြစ်တဲ့ ဆရာကြီးရဲ့စာများဟာ ဒိုးဒိုးဒေါက်ဒေါက်ရှိလှပြီး ဆိုလိုရင်းကို စာဖတ် သူများရဲ့ ခေါင်းထဲကို တိုက်ရိုက်ရောက်အောင် ပို့ပေးနိုင်စွမ်းရှိတာ ဖြစ်တယ်။ ဒါ့အပြင် ဆရာကြီးရဲ့စာများ မှာ စေတနာနဲ့ 'အား'(powerful,effective)ပါတာကို ဖတ်သူများက ဖတ်ရင်းခံစားသိရှိကြမှာပါ။   

နောက်ဆုံးထုတ်ဂျာနယ်တစ်စောင်ထဲက မြန်မာ့ဓလေ့ မြန်မာ့စရိုက်နဲ့သက်ဆိုင်တဲ့ ဆရာကြီးရဲ့စကားအ ချို့ကို အောက်မှာ ကောက်နှုတ်ဖော်ပြပေးလိုက် ပါတယ်။

#   လူတစ်ဖက်သားကို ကြင်နာတတ် စေတနာသန့်သန့်ထားတတ်တဲ့ မြန်မာ့စရိုက်ကတော့ ခေတ်တွေ ဘယ်လောက်ပြောင်းပြောင်း ပြောင်းလဲမသွားပါလားလို့ ...

#   မြန်မာပြည်က နမ္မတူဘော်တွင်းမှာ အင်ဂျင်နီယာအဖြစ် လာရောက်အမှုထမ်းပြီး နောင်တော့ အမေရိ ကန်နိုင်ငံရဲ့ (၃၁)ဦးမြောက်သမ္မတဖြစ်သွားခဲ့တဲ့ ဟားဘတ်ဟူးဗား(Herbert Hoover1874-1964)က"မြန် မာလူမျိုးများဟာ အာရှတိုက်တစ်ခုလုံးမှာ ပျော်ရွှင်ချမ်းမြေ့မှု အစစ်အမှန်ကို ရရှိထားကြတဲ့ တစ်ခုတည်း သော လူမျိုးဖြစ်တယ်။"လို့တောင် မှတ်ချက်ချခဲ့ဖူးပါတယ်။  

#   ရေကြည်ရာမြက်နုရာရှာဖွေရင်း ကမ္ဘာ့နေရာအနှံ့အပြားမှာရောက်ရှိနေကြတဲ့မြန်မာတွေဟာ ကိုယ့်နိုင် ငံ ကိုယ့်လူမျိုးကို မချစ်လို့ ကျောခိုင်းစွန့်ခွာသွားကြတာ မဟုတ်ပါဘူး။ အခြေအနေက တွန်းပို့လို့သာ မလွဲ မရှောင်သာ သွားကြရတာပါ။ ကိုယ့်ရပ်ကိုယ့်ရွာကို မလွမ်းတဲ့လူ၊ မပြန်ချင်တဲ့သူ ဘယ်ရှိမှာလဲ။

မှတ်ချက်။   ။  မတ်လ ၂၃ရက်နေ့ထုတ် Weekly Eleven News တွင်ပါရှိသော "ဂျပန်ရောက် မြန်မာများအတွက် ဂုဏ်ပြုစကား"ဆောင်းပါးမှ ဖြစ်ပါတယ်။

No comments:

Post a Comment