"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, March 10, 2011

စင်ကာပူရှိ မိုဘိုင်းဖုန်းများသို့ မြန်မာပြည်မှ SMS ပို့နိုင်

မြန်မာပြည်မှ SMS ပို့မည့်သူသည် မိမိပေးပို့မည့်သူ၏ မိုဘိုင်းဖုန်းစနစ် (Singtel, M-1, Starhub စသည့်) နှင့် သက်ဆိုင်သော Website များသို့ ၀င်ရောက်လျက် အင်္ဂလိပ်စာလုံးရေ ၁၄၀ ထိ ပေးပို့နိုင်ကြောင်း သိရှိရ၏။

၁။ Singtel လိုင်းသုံးဖုန်းဖြစ်က http://sms.singtel.com/internetsms သို့လည်းကောင်း၊
၂။ M-1 လိုင်းသုံးဖုန်းဖြစ်က http://www.freebiesms.hk/SMSByPrefix.aspx/M1,Singapore သို့မဟုတ် http://www.m1.com.sg/M1/site/M1Corp သို့လည်းကောင်း၊
၃။ Starhub လိုင်းသုံးဖုန်းဖြစ်က http://websms.starhub.com သို့လည်းကောင်း ၀င်ရောက်ကြလျက် SMS လက်ခံမည့်သူ၏ ဖုန်းနံပတ်၊ ပေးပို့သူ၏အမည် စသည်များ ဖြည့်စွက်ကာ အခမဲ့ ပေးပို့နိုင်သည် ဆို၏။

No comments:

Post a Comment