"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, March 24, 2011

ကိုယ်ဝန်ဆောင်မိခင်လောင်းများ ခါးမနာကြစေချင်...

ကိုယ်ဝန်ဆောင်ထားစဉ်မှာ မိခင်လောင်းများအနေဖြင့် ခါးနာတတ်ကြတာ ဓမ္မတာပါ။ အထူးအဆန်းလည်း  မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင် မိခင်လောင်း (၁၀၀)မှာ (၇၅)ဦး ခါးနာဝေဒနာ ခံစားကြရတယ် ဆိုပါတယ်။

ခန္ဓာကိုယ်မှာ အပြောင်းအလဲတွေဖြစ်လာလို့ ခါးနာရတာဖြစ်တယ်။ အဲဒါတွေကတော့
၁) ကိုယ်အလေးချိန် များလာခြင်း
၂) လမ်းလျောက်ဟန် ပုံမှန်မရှိတော့ခြင်း
၃) ကြွက်သားများနှင့် ရိုးဆက်ရွတ်များ (Ligaments) ပျော့ပြောင်းလာကြခြင်း တို့ဖြစ်တယ်။


ဒီခါးနာဝေဒနာကို တကယ်က ကြိုတင်ကာကွယ်လို့ရသလို၊ ဖြစ်လာပြီဆိုပါကလည်း ကုသလို ရတာမျိုးပါ။ 

တနေ့တခြားကြီးထွားလာနေတဲ့ သားအိမ်က ခန္ဓာကိုယ်ရဲ့မြေဆွဲအားဗဟိုချက်မ(Centre of gravity)အား မူလ ပှံမှန်အနေအထားကနေ ရွေ့သွားစေပြီး၊ ၀မ်းဗိုက်ကြွက်သားများကို ဆန့်ကား အားနည်းစေခဲ့တယ်။  တစ်ခါ ကိုယ်နေဟန်ထားပြောင်းလွဲမှုက ခါးကို ၀န်ပိစေပြန်တယ်။ တခါတရံမှာ ခါးရိုးဆစ်တွေအနားမှရှိတဲ့ အာရုံကြောအား ဖိမိပြီး ခါးနာတတ်ပါသေးတယ်။ ကိုယ်ဝန်ဆောင်ထားစဉ်မှာ ခံစားခဲ့ရတဲ့ ခါးနာဝေဒနာဟာ ကလေးမွေးပြီးတဲ့နောက်မှာပင် ဆက်နာတတ်တာမျိုး။ ဒါ့အပြင် ဟိုမုန်းပြောင်းလဲမှု့(hormonal changes)က အဆစ်များနဲ့ ရိုးဆက်ရွတ်များကို ပျော့ပြောင်းစေတာကြောင့် ကြာကြာလမ်းလျောက်မယ် ရပ်မယ် ထိုင်မယ်ဆိုရင်၊ အိပ်ယာမှာ ဟိုလှည့် ဒီစောင်းလုပ်ရင်၊ ခါးကုန်းရင်၊ အနိမ့်မှာ ထိုင်နေရာမှ မတ်တတ်ရပ်ရင်၊   အဆစ်အားနည်းတာတို့ ခါးနာတာတို့ ခံစားရတာဖြစ်တယ်။ 

ကိုယ်ဝန်ဆောင် မိခင်လောင်းများ ခါးနာတာ (၂)မျိုး(၂)စားရှိပါတယ်။ ပထမအမျိုးအစား (Lumbar pain)က ခါးအောက်ပိုင်းနေရာမှာ ဖြစ်ပြီး ဒုတိယအမျိုးအစား (Posterior pelvic pain)ကတော့ တင်ပါးရိုးအနောက်ဖက်နားမှာ နာတာဖြစ်တယ်။  တစ်ချို့မိခင်လောင်းများအနေနဲ့က ခါးအောက်ပိုင်းကော တင်ပါးရိုးအနောက်ဖက်ပါ နှစ်မျိုးလုံး ခံစားရတတ်တယ်။   

ပထမခါးနာတာမျိုးက လူအများစု ခံစားရလေ့ရှိတဲ့ ခါးနာခြင်းမျိုးဖြစ်ပြီး၊ ဒုတိယမျိုးအစားကတော့ ခါးရဲ့အောက်ဖက်ပိုင်းနဲ့ တင်ပါးအတွင်းပိုင်းတွေမှာ ခံစားရတတ်ပါတယ်။    

(ဆက်ပြီး ရေးသွားပါမယ်။)

No comments:

Post a Comment