"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, March 6, 2011

ဆာဖာရီဥယျာဉ် (နေပြည်တော်)

ကျား၊ ခြင်္သေ့၊ ကြံ့ဖြူ၊ ဆိတ်သမင်၊ မြင်း၊ သစ်ကုလားအုတ်၊ ရွှေသမင်၊ သားပိုက်ကောင် စသည့် တောရိုင်း တိရစ္ဆာန်များ သူတို့၏သဘာဝအတိုင်း သွားလာနေထိုင်ကျက်စားမှုများအား  မြင်တွေ့ကြရမည့် ဆာဖာရီဥ ယျာဉ်ကို နေပြည်တော်၌ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။
 
> အာရှဆာဖာရီပြကွက်တွင် ဒေါင်း၊ ဆတ်၊ သမင်၊ ရွှေသမင်၊ ဒရယ် စုစုပေါင်း ၁၃၃ ကောင်။
> သြစတြေး လျဆာဖာရီပြကွက်တွင် သားပိုက်ကောင်(အကြီး၊ အသေး) စုစုပေါင်း ၁၆ ကောင်၊၊                  
> အာဖရိကဆာဖာရီပြကွက်တွင် ကျား၊ ခြင်္သေ့၊ ကြံ့ဖြူ၊ ဆိတ်သမင်၊ ကုလားအုတ်၊ သစ်ကုလားအုတ်၊ ငှက်ကုလားအုတ်၊ မြင်း စုစုပေါင်း ၅၇ ကောင် ပြသထားကြောင်း သိရှိရသည်။  


            

No comments:

Post a Comment