"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, March 6, 2011

ထွန်းဖောင်ဒေးရှင်း စာပေဆု

၂၀၀၉ ခုနှစ် ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆု - စာရေးဆရာကြီး ဦးလှမြိုင် (ကိုဆောင်း)

မြန်မာစာအုပ်ဆုများ

၁။ စီးပွားရေး - မောင်လှသောင်း(ဘဏ်)၏ ဘဏ်လုပ်ငန်းဆိုင်ရာ အထင်ကရ စီရင်ထုံးဥပဒေ၊ ပြဋ္ဌာန်း ဥပဒေ နှင့် အပြည်ပြည်ဆိုင်ရာ လိမ်လည်မှုများ။ 
၂။ ကျန်မာရေး - ဒေါက်တာမြင့်ဦး(ဂျီပီ)၏ အခြေခံသမားကျင့်ဝတ်နှင့် ဆေးပညာကျင့်ဝတ်ဆိုင်ရာ ဆောင်းပါး များ။
၃။ အတ္ထုပတ္တိ - ထွန်းဦးတင်၏ သံတမန်တစ်ဦး၏မှတ်တမ်း။
၎။ ရည်ညွှန်းကျန်း - မောင်ရေအေး(ဟားဗတ်တက္ကသိုလိ)၏ ပို့ကုန်သွင်းကုန်လုပ်ငန်း အသုံးအနူန်းများ။
၅။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး - ကျော်ဦး၏ ဥတုရာသီ ပြောင်ခဲ့ပြီ။
၆။ ယဉ်ကျေးမှု - ပီကင်းပြန် ၀င်းကို(အင်းဝ)၏ မြန်မာ့ရိုးရာ ခြင်းလုံးအားကစားအကြောင်း သိကောင်းစရာနှင့် လွယ်ကူမှန်ကန်သည့် ခြင်းလုံးခတ် လေ့ကျင့်နည်းများ။
၇။ ရှေးဟောင်းကျမ်း - ထွန်းရီ(ရှေးဟောင်းသုတေသီ)၏ ကုန်းဘောင်ခေတ်ဘုရင်များ ဗုဒ္ဓါဘိသိက် ခံယူပုံ (စာပေါင်းချုပ်)
၈။ စာပဒေသာ - ပြည့်စုံ(သွေးသောက်)၏ ဒုတိရကမ္ဘာစစ်အတွင်း ဂျပန်လက်အောက်ရောက်ခဲ့စဉ်။
၉။ အင်္ဂလိပ်စာအုပ်ဆု (စီးပွားရေ) - မြတ်သိန်း၏ Money Matters Essays on Money and Banking  

မြန်မာစာမူဆုများ   

၁။ စီးပွားရေး - ကိုမော်(အောင်သမာဓိ)၏ ရွှေအကြောင်းသိကောင်းစရာများ။
၂။ ကလေးစာပေ - မြေလတ်မောင်မြင့်သူ၏ အလှကိုယ်စီ ပန်းလိုသီ ကလေးကဗျာများ။
၃။ သမိုင်း - မောင်ယဉ်လှိုင်(ပျဉ်းမမြိုင်)၏ ပဲခူး(ဟံသာဝတီ)တစ်ခွင်မှာ လေ့လာစရာ။
၎။ ယဉ်ကျေးမှု - ရန်ကုန်ဋ္ဌေးဇော်၏ ရသစုံလင် အမြင့်သဘင်။ 
၅။ ရှေးဟောင်းကျမ်း - ဒေါက်တာ ရီရီခင်၏ ယိုးဒယားနိုင်မော်ကွန်း(လက်ဝဲနော်ရထာ)။
၆။ စာပဒေသာ - စိန်သွေး၏ခေတ်ဟောင်းတေးအောက်မေ့ဖွယ်။

၇။ အင်္ဂလိပ်စာအုပ်ဆု (သမိုင်း) -Myint Aung \ Revealing Myanmar's Past: An Anthology of Archaeological Articles

No comments:

Post a Comment